Thursday, October 25, 2012

[ soegyi ] အိမ်မက်ဆန်သော ဘ၀ပြဇာတ်တပုဒ် (Credit : အတွေးပင်လယ်ပြာ)


အိမ်မက်ဆန်သော ဘ၀ပြဇာတ်တပုဒ်

စာရေးသူ - soegyi
(Credit - အတွေးပင်လယ်ပြာ)


“ ဟိတ်-ကလေး ..ထတော့လေ…မင်းအလုပ်သွားရဦးမယ်မလား ညတုန်းကလည်း အစောကြီး အိပ်ပြီးတော့ကွာ… “

“ ကိုကို ..အစောကြီးရှိသေးတယ်ကွာ… ငါသိတယ် မင်းငါ့ကိုဘာလို့ အစောကြီး လာနိုးနေတယ် ဆိုတာကိုနော်၊ ငါအိပ်မှဖြစ်မယ်ကွာ၊ အလုပ်ကညနေမှလေကွာ “

“တကယ့်ကောင်မဆိုးလေးဘဲကွာ၊ အဲ့တာဆိုလဲ ပြီးရောလေ၊ ကိုယ်ကတော့ လုပ်စရာရှိတာ လုပ်မှာဘဲနော်“

သေချာကြည့်လေ ကောင်မလေးက ချောလေဘဲဗျာ…. သူက တကယ်တော့ ကျွန်တော်နဲ့ ဒှတိယတွေ့တဲ့
ပထမလူပါလေ၊ ဟုတ်တယ် သူအတွက်လည်း ကျွန်တော်က ဒုတိယတွေ့တဲ့ ပထမလူပဲ၊ ကျွန်တော်နဲ့ သူစပြီး အခုလိုနေဖြစ်ကြတာလဲ
ဒီတခေါက်အလုပ်ကိစ်စနဲ့  ထွက်ခဲ့ရတဲ့ ဘန်ကောက်ခရီးစဉ်မှာစတာဘဲ၊ သူလွန်ခဲ့တဲ့ ၆လလောက်က အလုပ်လာရှာတော့ ကုမ်မဏီမှာကလဲ အဲ့တုန်းက လူလိုနေတော့ သူ့ ကိုဘဲဆွဲခန့် လုပ်ခဲ့ရတာ၊ အခုခရီးထွက်မယ်ဆိုတော့ ကျွန်တော်ရဲ့လက်ထောက် သူ့ ကိုပါသူဠေးက ခေါ်သွားခိုင်းရော၊
လုပ်ငန်းအတွေ့ အကြုံ ရအောင်ရယ် နောက်ပိုင်းလိုအပ်ရင် သူတယောက်ထဲ သွားနိုင်အောင်ရယ်ပေါ့၊

တကယ်တော့ ကောင်မလေးက ကျွန်တော့မိန်းမရဲ့ ညီမလေ၊ ကျွန်တော်တို့ လက်ထပ်တဲ့ လွန်ခဲ့တဲ့ ၄နှစ်လောက်တုန်းက သူက၁၄-၅နှစ်သာသာလေးလေ၊ အခုတော့ ၂၀ကျော် ဆိုတယ်အရွယ်နဲ့ လိုက်ဖက်ညီတဲ့ ကိုယ်လုံးသွယ်သွယ် အရပ်မြင့်မြင့်နဲ့  တကယ့်ပီဘိအပျိုကြီးဖြစ်လို့ နေပြီဘဲ၊ သူမှာလည်း စေ့စပ်ထားတဲ့ ကောင်လေးရှိသေးတယ်၊ အစကတည်းက ကျွန်တော်တို့ ကဆွေမျိုးဆိုပေမယ့် ခဲအိုနဲ့ ခယ်မ ဆိုတဲ့ လူဘောင်ထဲမှာ ထိန်းထိန်းသိမ်သိမ်း နေလာခဲ့တာဘဲလေ၊ အဲ့ဟိုနေကတော့ အလုပ်က ပြန်တာစောတာနဲ့  သမီးတို့ လဲ ဘန်ကောက် လျှောက်လယ်ရအောင်ဆိုတာကနေ ဒီဇတ်လမ်း စခဲ့တာဘဲ။

[ Jin_kaleat ] တခါတရံ အချစ်သည် ပယ်နယ်တီ တလုံးဖြစ်၏။ (Credit : အတွေးပင်လယ်ပြာ)


တခါတရံ အချစ်သည် ပယ်နယ်တီ တလုံးဖြစ်၏။


စာရေးသူ - Jin_kaleat
(Credit - အတွေးပင်လယ်ပြာ)


မနေနိုင်တော့လဲ စလိုက်မိပြန်ပြီပေါ့။
ဒီဇာတ်လမ်းက အသစ်တော့ မဟုတ်ဘူး။ စရေးထားပြီး ကျွန်တော့် စက်ထဲမှာချောင်ကပ် နေတာ အနည်းဆုံးလေး နှစ်လောက်တော့ ရှိပြီ။ ဟိုတလောကမှ စိတ်ကူးပေါက်တာနဲ့ ပြန်ပြီး ဟိုလုပ်ဒီလုပ် လုပ်လိုက်သေးတယ်။ ဒါပေမယ့် သံသာစက် မပြတ်သေးတဲ့ အချိန်ဆိုတော့ ပြန်ချထားလိုက်မိပြန်ရော။ နောက်ပိုင်း ကျတော့လည်း တခြား ဟာတွေ လျှောက် စဉ်းစား နေတာနဲ့ ဒီဟာက ကျန်နေပြန်တယ်။
မနေ့ကတော့ ဆြာကြပ်တို့ ကိုနတ်သားတို့လည်း အသစ်တွေလုပ်နေကြပြီဆိုတော့ ရေးဦးမှပဲလေ ဆိုပြီး လိုက်ကြည့်ရင်း ဒါလေးက စာမျက်နှာ နှစ်ဆယ်ကျော်လောက် ကျအောင် ရိုတ်ထားပြီးသား ဆိုတာ သွားတွေ့တာနဲ့ ဒါပဲ ဆက်လုပ်တော့မယ် ဆုံးဖြတ်လိုက်တယ်။ ပြီးသလောက် အကုန်တင်တာ ဆိုတော့ အစပိုင်းတော့ တင်တာသွက်မယ်။ နောက်ပိုင်းကျရင်တော့ နည်းနည်းချင်းပဲ တင်နိုင်တော့မယ် ထင်တယ်။   တခြားဟာတွေလဲဖြတ်ဖို့ ရှိသေးလို့

Jin_kaleat




(၁)
လောကတွင်မောင်မောင်အမုန်းဆုံးလူမှာစိုးဦးဖြစ်သည်ဆိုလျှင်ဘယ်သူမှယုံကြည်ကြမည်မဟုတ်ပေ၊ မောင်မောင်သည်စိုးဦး၏အခင်ဆုံးသူငယ်ချင်းဖြစ်သည်။
စိုးဦးကမောင်မောင့်ကိုအလွန်ခင်၏၊ အထက်တန်းကျောင်းသားဘ၀ကပင် လည်ပင်းဖက် ပေါင်းလာသူများဖြစ်သလို မောင်မောင်က ဟန်ဆောင်ကောင်းလှသောကြောင့်လည်း ကာယကံရှင် စိုးဦးကိုယ်တိုင်ပင် မရိပ်မိပေ၊ မိမိကို အလွန်ခင်သော ငယ်သူငယ်ချင်း တစ်ယောက်ကို ဒီလိုစိတ်မျိုးမောင်မောင် မမွေးချင်ပါ သို့သော်လည်း အခြေအနေတွေက မောင်မောင့်ဘက်မှာ မရှိပေ ဒီတော့လည်း ဟန်မပျက်နေထိုင်ရင်း စိုးဦးကို လူမသိသူမသိ မုန်းနေရသော အချိန်တွေက တော်တော် ပင်ကြာခဲ့ပါပြီ။
ဒီလိုမျိုးလူငယ်ဘ၀မှာသူငယ်ချင်းတွေစိတ်ဝမ်းကွဲကြရာတွင်ပစ်မ လွဲမှန်သောအ ကြောင်း တစ်ရပ်ရှိသည်။ အချစ်။ မောင်မောင်ကမြလေးညိုကိုချစ်သည်၊ မြလေးညိုက မောင်မောင့်ကိုမချစ်၊ စိုးဦးကိုချစ်၏။ တကယ်တန်းတော့မောင်မောင်ဒီလောက်သ ဘောထားမနုပါ၊ စိတ် ထဲကမကျေနပ်သော် လည်းဖြေသိမ့်နိုင်ပါသေး၏၊ နောက်တစ်ခုကတော့ တော်တော်ဆိုးသည်၊ မြလေးလို့မောင်မောင် ကခေါ်ပြီး ညိုဟု စိုးဦးက ခေါ်သော မြလေးညိုကြောင့်မဟုတ်၊ ပြောရရင်ဇတ်လမ်းကတော့ တော်တော်ရှည်ပါမည်။

[ လူလူ ] ကျနော်ဟာ လူဆိုး မောင်သာဒိုး (Credit : အတွေးပင်လယ်ပြာ)


ကျနော်ဟာ လူဆိုး မောင်သာဒိုး

စာရေးသူ - လူလူ
(Credit - အတွေးပင်လယ်ပြာ)




အညာနွေ ပူလွန်းသည်လို့ ဆိုပေမဲ့ သာဒိုး အတွက်တော့ ..ပူတယ်လို့ မထင်ဘူး ..။
နေက ခြစ်ခြစ်တောက် ပူနေသည် . .။ သာဒိုး ကြံရည်တခွက် မှာသောက်ပြီး ကြံရည်ဆိုင် မှာ ထိုင်စောင့်နေသည် ..။
အမာနီ့ကို သူ ချိန်းထားသည် . .။
သူ ထိုင်နေတဲ့ ကြံရည်ဆိုင်ရဲ့ ဆိုင်ရှင် ဘိုက်ပူပူနဲ့ လူကြီးက ငိုက်မြည်းနေသည် ..။ အမာနီ လာမဲ့လမ်းဘက်ကို သူ မျှော်ကြည့်နေသည် ..။ ခုထိတော့ မလာသေး ..။
ပြီးသွားတဲ့ သင်္ကြန်မှာ သူနဲ့ အမာနီနဲ့ ရီးစားဖြစ်သွားသည် . .။
သင်္ကြန်အကျနေ့မှာ အမာနီ့ကို ရီးစားစကား ပြောခဲ့ပြီး သင်္ကြန် အတက်နေ့မှာ အမာနီ့ဆီက သူ့ကို ပြန်ချစ်တယ်ဆိုတဲ့ အဖြေကို ရသည် . .။ စတွေ့တာက သင်္ကြန်မကျခင် နှစ်ပတ်လောက် က ..။

[ chocunn ] နတ်သမီးပုံပြင် (Credit : အတွေးပင်လယ်ပြာ)


နတ်သမီးပုံပြင်

စာရေးသူ - chocunn
(Credit - အတွေးပင်လယ်ပြာ)


ဂစ်တာ၊ မူးယစ်ဆေး အစရှိသည့် အရာများဖြင့် ဘ၀ကို အလျားလိုက် ဖြတ်ကူးနေသော လူငယ်တစ်ယောက်နှင့် ၄င်းအား ကယ်တင်ဖို့ ကြိုးစားခဲ့သော မိန်းမတချို့အကြောင်း။

chocunn





တန်ဆောင်မုန်းလပြည့်ညမို့ လမင်းဟာအခါတိုင်းထက် ပိုလို့တောင် အရွယ်စားကြီးနေသလား ထင်ရတယ်။
ထိန်ထိန်သာနေတဲ့ လရောင်အောက်က ထင်းရှူးပင်အုပ်အုပ်တွေ စုဝေးနေတဲ့ ဟော့ဒီတောင်ကုန်းလေးပေါ်က အမိုးအကာမဲ့တဲ့ ခေါင်ရည်ဆိုင်လေးအရှေ့က စားပွဲဝိုင်းမှာ လူတစ်စုတိတ်တဆိတ်ပဲ ချေသားခြောက်ဝါးလိုက်၊၀ါးဆစ်ခွက်ထဲက ခေါင်ရည်ကို မော့လိုက်နဲ့  ငြိမ်သက်နေကြတယ်။
အမြင့်ပိုင်းနေရာမို့ ထင်းရှူးရွက်တွေကို လေတစ်ချက်တစ်ချက် အသုတ်မှာ တရှဲရှဲမြည်သံတခါတလေ ကြားရတာကလွဲလို့ ဘယ်သူမှ စကားဟဟ မပြောကြဘူး။
စီးကရက်ဗူးခွံအလွတ်ထဲက ငွေရောင်ခဲစက္ကူကို မပြဲအောင် သတိထားပီး ကျနော် ထုတ်ယူလိုက်တာ အောင်မြင်သွားတယ်။

[Japan] Model Mikie Hara‘s 原幹恵




[Myanmar] Model La Min Eindray in Beautiful Black Mini Dress